Farm Guide

စွမ်းဆောင်ရည်အချက်အလက်

 

ကြက်ဥထုတ်လုပ်မှု ထုတ်လုပ်မှုအသက်အရွယ်50 % ထိ 140-150 ရက်
အမြင့်ဆုံးထုတ်လုပ်မှု 93-95 %
ဥ သက်တမ်းကာလအတွင်းကြက်ဥဥနိုင်သည့်အလုံးရေ
ဥ သက်တမ်းကာလ၁၂ လ 318-323 (320)
ဥ သက်တမ်းကာလ ၁၄ လ 358-363 (360)
ဥ သက်တမ်းကာလ ၁၇ လ 428-433 (430)
စုစုပေါင်းကြက်ဥထုတ်လုပ်မှုအလေးချိန်
ဥ သက်တမ်းကာလ၁၂ လ 20.0-21.0 ကီလိုဂရမ် (20.44 ကီလိုဂရမ်)
ဥ သက်တမ်းကာလ ၁၄ လ 23.0-24.0 ကီလိုဂရမ် (23.23 ကီလိုဂရမ်)
ဥ သက်တမ်းကာလ ၁၇ လ 27.5-28.5ကီလိုဂရမ် (28.02 ကီလိုဂရမ်)
ပျမ်းမျှဥ အလေးချိန်
ဥသက်တမ်းကာလ၁၂ လ 63.5-64.5ဂရမ် (63.9 ဂရမ်)
ဥသက်တမ်းကာလ ၁၄ လ 64.0-65.0 ဂရမ် (64.4 ဂရမ်)
ဥသက်တမ်းကာလ ၁၇ လ 65.0-66.0 ဂရမ် (65.2 ဂရမ်)
ကြက်ဥအရည်အသွေး ဥခွံအရောင် စွဲဆောင်သည့်အညိုရောင်
ဥခွံခံနိုင်အား > 40 Newton
အစာစာနှုန်း ၁-၂၀ ပတ်ထိ 7.4-7.8ကီလိုဂရမ်
ဥသက်တမ်းကာလ 110-120 ဂရမ်/ရက်
အစာပြောင်းလဲနှုန်း 2.0-2.1 ကီလိုဂရမ်/ကီလိုဂရမ် egg mass
၂၀ ပတ်ရောက်သည့်အချိန် 1.6-1.7 ကီလိုဂရမ်
ဥတုံးသည့်အချိန် 1.9-2.2 ကီလိုဂရမ်
ကြက်ရှင်သန်နှုန်း ဥမတမ်းကာလ 97-98 %
ဥ သက်တမ်းကာလ 92-94 %

ဇီဝလုံခြုံရေး နှင့် ကြက်ကျန်းမာရေး

 

ဇီဝလုံခြုံရေးအတွက် အဓိကသတိထားရမည့် အချက်အလက်များ

  1. ကြက်ခြံသည်အခြားကြက်ခြံများနှင့်အတတ်နိုင်ဆုံးဝေးသည့်နေရာတွင်ရွေးချယ်၍ အခြားအနှောက်အယှက်များမဝင်ရောက်စေရန် ခြံစည်းရိုးကာရံကာ မွေးမြူသင့်ပါသည်။
  2. ကြက်ခြံတစ်ခြံလျှင်ကြက်အသက်တူညီရမည်ဖြစ်ပြီး တပြိုင်တည်းဝင် တပြိုင်တည်းထွက် (All In All Out) စနစ်ကိုအသုံးပြုရပါမည်။
  3. မလိုလားအပ်သော အခြားလူအဝင်အထွက်ကို တားဆီးထားရပါမည်။
  4. တိရစ္ဆာန်ဆရာဝန်၊ဧည့်သည်စသည့်လူအဝင်အထွက်များလာသောအခါ ဖိနပ်၊အင်္ကျီတို့ကိုလဲလည်ပြီးမှသာခြံအတွင်းသို့ဝင်သင့်ပါသည်။ခြံတွင်းဝန်ထမ်းများလည်းသတ်မှတ်ထားသောဝတ်စုံများဝတ်ဆင်ရပါမည်။
  5. ကြက်ခြံအတွင်းသို့ မဝင်မှီ ဖိနပ်များကို ပိုးသတ်ပြီးမှ ဝင်ရပါမည်။
  6. ကြက်စာပို့ကားနှင့်ကြက်ဥသယ်ဆောင်သည့်ကားများသတ်မှတ်နေရာများတွင်သာ ရပ်ရပါမည်။
  7. တောငှက်များခြံအတွင်းသို့ မဝင်ရောက်ရန် နှင့် ကြွက်များမရှိစေရန်နှိမ်နင်းဆောင်ရွက်ရပါမည်။
  8. ကြက်သေများကိုလည်းပတ်ဝန်းကျင်မညစ်ညမ်းစေရန်စနစ်တကျကျင်းတူးကာမြုပ်နံှသင့်သည်။

ကြက်ခြံသန့်ရှင်းခြင်း နှင့် ပိုးသတ်ဆေးဖြန်းခြင်း ပြုလုပ်ပုံအဆင့်ဆင့်

  1. ပစ္စည်းကရိယာများကိုရေဖြင့်သန့်စင်ဆေးကျောပြီးမှသာပိုးသတ်ဆေးဖြန်းရန်။
  2. ကြက်အသုံးအဆောင်ပစ္စည်းများသန့်စင် ပိုးသတ်ပြီးလျှင် သန့်ရှင်းသည့်နေရာတွင်ထားရှိရန်။
  3. ကြက်ချေး ၊အစာဟောင်းများကြက်အခင်းများကို ကြက်ခြံတွင်းမှသန့်ရှင်းပစ်ရန်။
  4. ကြက်ခြံတိုင် နံရံမျက်နှာကျက်အစာခွက်ရေခွက်စသည့်တို့ကိုဖိအားမြင့် ရေဖျန်းစက်( တမိနစ် 1000 psi)ဖြင့်သန့်စင်ဆေးကျောရန်။
  5. ဆေးကျောပြီးပါက ပိုးသတ်ဆေးဖြန်းရန်။
  6. ခြံကိုအနားပေးပါ ကြာကြာနားပေးပါက ပို၍ကောင်းပါသည်၊ ကြက်မီးကိုင်ဆောင်ဆိုလျှင် အနည်းဆုံး ၂ ပတ် နားပေး ရန်လိုအပ်ပါသည်။
  7. ကြက်မဝင်ခင် ၃ ရက်အလိုတွင် ပိုးသတ်ဆေးဖြင့်မိုင်းတိုက်၍ 8 နာရီကြာအလုံပိတ်ထားပါ။ ကြက်ငယ်မဝင်ခင် ၂ ရက်အလို တွင်လေဝင်လေထွက်ကောင်းအောင် တံခါး ပြတင်းပေါက် လိုက်ကာများဖွင့်ထားပေးပါ။

ကာကွယ်ဆေးပေးခြင်း

ကောင်းသောတားဆီးကာကွယ်ခြင်း၊သန့်ရှင်းခြင်းနှင့်မှန်ကန်သောကာကွယ်ဆေးပေးခြင်းတို့သည် ကြက်၏ကျန်းမာမှုကိုကာကွယ်ပေးပါသည်။
ကာကွယ်ဆေးပေးရမည့်အစီအစဉ်သည် နေရာဒေသတွင်ဖြစ်ပွားသောရောဂါအခြေအနေ ပေါ်မူတည်၍ ပေးပုံပေးခြင်းသည်လည်း ကွဲပြားခြားနားပါသည်။ သို့ဖြစ်ပါ၍ မိမိနိုင်ငံ နှင့် သင့်လျှော်သော ကာကွယ်ဆေးပေးခြင်းဖြင့် ရောဂါများကို ကြိုတင်ကာကွယ်ထားရပါမည်။ ကာကွယ်ဆေးပေးပြီး ကြက်တွင်ကာကွယ်မှု ရမရကို စစ်ဆေးရပါမည်။သို့မှသာ ကာကွယ်ဆေးအစီအစဉ်ကို မည်သို့ပြောင်းလဲလုပ်ဆောင်ရမည်ကို သိရပါမည်။ ထို့ကြောင့် ကာကွယ်ဆေးပေးအစီအစဉ်ကို မိမိဒေသ တွင်ရှိသည့် တိရစ္ဆာန်ဆရာဝန် နှင့်တိုင်ပင်ပါ။

ကာကွယ်ဆေးပေးနည်း 

1. တစ်ကောင်ခြင်းပေးနည်း မျက်စဉ်းခတ်၊နှာပေါက်ချ၊ဆေးထိုးနှင့်တောင်ပံခြစ်စသည် တို့သည် အထိရောက်ဆုံးပေးနည်းဖြစ်သလိုအချိန်ကုန်၍လူအင်အားအများဆုံးသုံးရသောနည်းဖြစ်ပါသည်။

2. အုပ်စုလိုက်ပေးနည်း

(1) ရေဖျော်တိုက်နည်း ကာကွယ်မှု 60-90% ၊ပေးပါသည် မှန်ကန်အောင်လုပ်ဆောင်မှသာ ကာကွယ်မှုရရှိပါမည်။

    • ကာကွယ်ဆေးမတိုက်ခင် ရေကို 2 နာရီ ကြို၍ဖြတ်ပါ၊ ကာကွယ်ဆေးနှင့် ပိုးသတ်ဆေးမပါဝင်သောရေ ဖြင့် သမအောင်ရောစပ်ပါ၊ အဆီ ထုတ်နို့မှုန့်(2g/lit) ထည့်၍လည်းရောစပ်နိုင်ပါသည်။ ရေအပူချိန် 20 ဒီဂရီ C အောက်ဖြစ်ရပါမည်။
    • လုံလောက်သောရေဗူးအပြည့်အစုံရှိရပါမည်၊အကယ်၍ရေဗူး(BellDrinker)ကိုအသုံးပြုပါကအကောင် 50 ကို တစ်လုံးနှုန်းဖြင့်ပေးရပါမည်၊ 2 နာရီမှ 4 နာရီ အတွင်း ကုန်နိုင်သောပမာဏဖြင့်ဆေးကိုဖျော်၍တိုက်ရပါ မည်။
    • ကာကွယ်ဆေးရေကုန်သွားပါက ချက်ချင်းပုံမှန်အတိုင်းရေဖြည့်ပေးပါ။

(2) ကာကွယ်ဆေးဖြန်းနည်း ကာကွယ်နှုန်း 95-100% ဖြစ်ပါသည်၊ အထိ ရောက်ဆုံး နှင့်လူအင်အားအသက်သာဆုံးဖြစ်ပါသည်။သို့ပေမယ့် အခြားသောဘေးထွက် ဆိုးကြိုးများ တွေ့ရတတ်ပါသည်။ထို့ကြောင့် ကြက်ပေါက်အသက် 3 ပတ် သားနောက်ပိုင်းမှသာ ဖြန်းရန်

    • ကြက်လေပြွန်၊အဆုတ်တို့၏ဆဲများကိုလှုံ့ဆော်ပေးပြီးLocal immune ကိုရရှိစေပါ သည်။
    • မတူသော Spay 3မျိုး : ကြီး 90-100 micron, လတ်40-60 micron ,နှင့် ငယ် 5-10 micron ဖြင့် ဖြန်းပါသည်။
    • ပထမ 3 ပတ်သားကို မျက်စဉ်းခတ်၍ 3 ပတ်နောက်ပိုင်းကို လတ် 40-60 micron ဖြင့်ဖြန်းပါ။
    • Distill water ဖြင့်ရောစပ်၍ ဖြန်းပါ။

 

LOHMANN BROWN-CLASSIC Layers ကာကွယ်ဆေးအစီအစဉ် ဥပမာ

အထွေထွေအကြံပြုချက်

  1. ကြက်များကျန်းမာသည့်အချိန်တွင် ကာကွယ်ဆေးပေးရန်၊ ကြက် မကျန်းမာခြင်းသို့ Stress ဝင်ခြင်းစသည်တို့ဖြစ်ပါက ကြက်ပြန်လည်ကျန်းမာလာသည့်အချိန်တွင်ပေးရန်။
  2. ကာကွယ်ဆေးအညွှန်းကိုသေချာစွာဖတ်ပြီးမှ ကာကွယ်ဆေးပေးရန်။
  3. ပထမပိုးရှင်ပေးသည့်အခါလည်လိမ်လည်ပြွန်ကာကွယ်ဆေးကိုအရင်ပေးပါ၊ သို့မှသာကြက်ကလေးအတွက်မြန်မြန် Local immune ကိုရရှိစေပါသည်။
  4. ကြက်ကလေးအတွက်ပိုးရှင်အပြင်းစားပေးခြင်းမှရှောင်ကျဉ်ပါ။
  5. ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ကြက်မတန်းအရွယ်ရောက်ရှိသည့်အခါ ပိုးသေဆေးထပ်မံထိုးပေးခြင်းဖြင့် ကြက်၏ immune ကို ပို၍ထိရောက်စေပါသည်။
  6. ကြက်ဥဥစဉ် ကာလအတွင်း 6 ပတ် သို့ 8 ပတ်ကြာတိုင်း လည်လိမ်လည်ပြွန်ပိုးရှင်ကိုပေးရန်။
  7. ကာကွယ်ဆေးပေးသည့်အကြိမ်စိပ်ပါကကြက်၏ကိုယ်အလေးချိန်တိုးသင့်သလောက်မတိုးဘဲကျဆင်း နိုင်ပါသည်။ အထူးသဖြင့် အသားဆေးပေးသည့်အချိန်။

အထူးအကြံပြုချက်

  1. မားရက်ကာကွယ်ဆေးထပ်မံပေးခြင်း : အချိန်ကြာမြင့်စွာ ကြက်ပို့ဆောင်ခြင်းသို့မဟုတ် မားရက်ဖြစ်နေသည့်ပတ်ဝန်းကျင်တွင်၊ ကြက်ပေါက်ခြံအတွင်းသို့ရောက်ရှိပြီး မားရက် ကာကွယ်ဆေးထပ်မံထိုးပေးခြင်းသည်လည်း အလွန်ထိရောက်ပါသည်။
  2. Mycoplasmosis ကာကွယ်ဆေးပေးခြင်း : Mycoplasmosis မဖြစ်ပွားသောနေရာ တွင် ဤကာကွယ်ဆေးပေးခြင်းကိုရှောင်ကြဉ်ခြင်းဖြင့် ကြက်မသည်အမြင့်ဆုံး ဥကို ထုတ်လုပ်ပေးနိုင် မည်ဖြစ်ပါသည်။သို့ပေမယ့်ပတ်ဝန်းကျင်တွင်အမြဲတမ်းဤရောဂါဖြစ်ပွားနေပါက ကာကွယ်ဆေး ပေးသင့်ပါသည်။
  3. လွတ်ကြောင်းစနစ်ဖြင့်မွေးမြူသူဖြစ်ပါကသွေးဝမ်းကာကွယ်ဆေးကိုအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ကာကွယ်ဆေးပေးပြီးပါကသွေးဝမ်းဆေးကိုအစာတွင်းရောစပ်ခြင်းမှ ရှောင်ကြဉ်ရပါမည်။
  4. ၁၀ ပတ်နောက်ပိုင်းတွင်အငယ်ဆုံးဆေးဖြန်းမှုန် ( 5 — 10 micron )ပေးခြင်း မှ လည်ပြွန် ကာကွယ်ဆေးပေးခြင်းကိုရှောင်ကြဉ်ရပါမည်။ H-52 ပိုးမျိုးကိုမပေးသင့်ပါ။
  5. ကာကွယ်ဆေးပေးပြီး 2-3 ရက်အတွင်း ၊ ရေဖျော်အားဆေးများပေးခြင်းဖြင့် stress ဒဏ် ဖြစ်ခြင်းမှကာကွယ်နိုင်ပါသည်။

 

အစာ နှင့် ရေ

အစာ နှင့် အာဟာရအစာ နှင့် အာဟာရ

ကြက်စာသည်အာဟာရပြည့်ဝသောအစာဖြစ်ရပါမည်။ အစာအာဟာရပြည့်ဝသော ကုန်ကြမ်းကို အသုံးပြု၍ အစာ၏အရွယ်အစားလည်းမှန်ကန်သင့်လျှော်သည့်ပုံစံဖြစ်ရပါမည်။ သို့မှသာ အမြင့်ဆုံး ထုတ်လုပ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့အကြံပြုချက်သည် အစာအာဟာရပြည့်ဝသော အစာဖြစ်ရမည်ဖြစ်ပြီး ကြက်အသက်အရွယ်အစားအလိုက်ဖွံဖြိုးကြီးထွားပြီး အမြင့်ဆုံး ဥ ထုတ်လုပ်နိုင် မှုကို  ပေးနိုင်မည်ဖြစ်ပါသည်။ကြက်တစ်ကောင် ၏အစာစားနှုန်းသည် အောက်ပါ အချက်အလက် ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

  1. ကိုယ်အလေးချိန်
  2. ကြီးထွားနှုန်းနှင့် ဥ ဥသည့်အခြေအနေ
  3. ခြံတွင်းအပူချိန်  :       အကယ်၍ အခန်းအပူချိန်ကျသည့်အခါ အပူချိန်ကိုတိုးရန်လိုအပ်ပါသည်။
  4. ကြက်အတောင်စုံသည့်အခြေအနေ:  တောင်ပံအကျွတ်များလျှင်လည်းအပူစွမ်းအင် ကိုပို၍ လိုအပ် ပါသည်။
  5. ကြက်စာဖွဲ့စည်းမှု: အရွယ်အစားကြီးလျှင် ကြက်စာပို၍ကောက်နိုင်ပါသည်။ အရွယ်အစား သေးငယ်ပါက အစာကောက်ယူနိုင်မှု ကျဆင်းနိုင်ပါသည်။
  6. ကြက်စာ၏အပူစွမ်းအင်ပါဝင်မှု: အစာ၏ (ME energy ) စွမ်းအင်မြင့်လေ ၊ အစာစားနှုန်းကျဆင်းပြီး  စွမ်းအင်နိမ့်ပါက အစာစားနှုန်းကိုပို၍ တိုးစေပါသည်။
  7. အစာအာဟာရမညီမျှမှု:  ကြက်စာတွင်အစာအာဟာရမညီမျှမှုသည် ကြက်၏အစာစားနှုန်းကို ထိခိုက်ရုံသာမက နောက်ပိုင်း ဥ ဥနှုန်း ( Egg Production ) ကိုထိခိုက်နိုင်ပါသည်။

ကြက်စာ Starter, Grower, Developer and Layer အစာ ( အမှုန့်)အတွက် အစာ ဖြန့်ကျက်သည့်အရွယ်အစား အကြံပြုချက်

  • 2mm ထက်ကြီးသောအစာမှုန်မှာ 10% ထက်မများစေရန်
  • 3mm size Starterအစာ
  • 5mm size Grower, Developer နှင့် Layer စာ

ဗီတာမင် နှင့် Mineral

ကြက်စာအတွင်း Vitamin နှင့် Mineral ထည့်ပြီးရောစပ်ရရုံတင်မက အခြား 0xydation Agent နှင့် စသည်တို့ကိုထည့်သွင်းရောစပ်ရမည်ဖြစ်ပြီး အစာအာဟာရမညီမျှမှုကို အထောက်အကူပြုစေပါသည်။
Vitamin E သည်ကြက်၏ကိုယ်ခန္ဓာ အတွင်းတွင်ပုံမှန်အားဖြင့်ထုတ်လုပ်နိုင်ပါသည်။ ဒါကြောင့် မဖြစ်မနေပေးရမည့် Vitamin အမျိုးအစားတွင်မပါဝင်ပါ။ သို့သော် အခြား stress ဒဏ်နှင့် အပူချိန်ပူပြင်းသည့်ရာသီတွင် Vitamin E ကိုအစာတစ်တန်လျှင် 100-200g ထည့်သွင်းစပ်ခြင်းဖြင့် အထောက်အကူပြုပါသည်။

အစာကိုအပူပေးခြင်း

အစာကို အခြားဗိုင်းရစ်ပိုးများ မပေါက်ပွားရန်၊ အစာကိုအပူပေးပြီး ပိုးသတ်ရပါသည်။ အပူပေးနည်းပညာစနစ် မတူညီသည့်အပေါ်တွင်မူတည်၍ အစာသည်လည်းအနည်းအများထိခိုက် စေပါသည်။ ထို့ကြောင့် ပမာဏပိုအောင်ထည့်သွင်း၍ရောစပ်ပါ။ ကျွန်တော်တို့၏အတွေ့အကြုံအရ အဓိက Vitamin A နှင့် K 3 ကို ပျက်စီးစေပါသည်။
ထုံးကျောက်ကျွေးခြင်း

ထုံးကျောက်ကို ပေးကိုပေးရမည်ဟုမဆိုလိုပါ။ သို့ပေမယ့် အစာသည်အဓိက ဆန်ကွဲ၊ ပြောင်း စသည်တို့ကိုအခြေခံ၍ စပ်ထားပါက ထုံးကျောက်ကျွေးရန်လိုအပ်ပါသည်။ ထုံးကျောက်သည် ကြက်၏အစာအိပ် နှင့် အစာအိမ်တို့ကိုဖွံဖြိုးစေပြီး၊ အစာစားနှုန်းကိုလည်းပို၍စားစေပါသည်။

၁ – ၂ ပတ်သား နှစ်ပတ်တစ်ကြိမ်ကျွေးရန် 1 -2 mm ထုံးကျောက် 1 g/ကောင်
၃ – ၈ ပတ်သား နှစ်ပတ်တစ်ကြိမ်ကျွေးရန် 3 – 4 mm ထုံးကျောက် 2 g/ကောင်
၉ပတ်သားနောက်ပိုင်း နှစ်ပတ်တစ်ကြိမ်ကျွေးရန် 4 – 6 mm ထုံးကျောက် 3 g/ကောင်

ရေ၏အရည်အသွေးနှင့် သန့်ရှင်းမှု

အစာကိုကောင်းသောအရည်အသွေးနှင့် ကျွေးမွေးရသလို ၊ သောက်ရေသည်လည်း ကြက်၏ ကြီးထွား ဖွံဖြိုးမှုနှင့်ဥနှုန်းထုတ်လုပ်နိုင်မှုကိုလည်းအလွန်အရေးပါသောအာဟာရတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် လတ်ဆတ်ပြီးသန့်ရှင်းသောရေ နေ့စဉ်မပြတ်မလပ်အောင်ထားရှိပေးရပါမည်။ ကြက်ခြံအတွင်း ရေမီတာတပ်ဆင်ပေးခြင်းဖြင့် ကြက်၏ရေသောက်နှုန်း ပုံမှန်ရှိမရှိကိုသိရှိရမည်ဖြစ်ပြီး ရေ၏အပူချိန် သည်လည်း 20 ဒီဂရီစင်တီဂရိတ်သည်အကောင်းဆုံးဖြစ်ပါသည်။

အစာနှင့်ရေသည် ဆက်စပ်မှုရှိနေပြီး ၊ ကြက်များရေမသောက်ပါက အစာစားနှုန်းလည်း ကျဆင်းမည်ဖြစ်သည်။ သက်တောင့်သက်သာရှိသော အပူချိန်အောက်တွင် ၊ အစာနှင့်ရေ၏အချိုးသည် 1.8 : 2 ဖြစ်ပြီး အပူချိန် 30 ံC ကျော်လွန်သွားပါက အစာနှင့်ရေသည် 5:1 ဖြစ်သွားပါသည်။ အကယ်၍ အပူချိန်မြင့်သည့် ပတ်ဝန်းကျင်တွင် ကြက်သည်အစာစားနှုန်းကျဆင်းပြီး ရေသောက်နှုန်းမြင့်တက်လာမည် ဖြစ်သည်။ ဒါကြောင့် ရေ၏အပူချိန်ကို လျှော့ကျခြင်းဖြင့် ကြက်၏ကိုယ်ခန္ဓာအပူချိန်လျှော့ကျခြင်းကို အထောက်အကူပြုစေပါသည်။

အကယ်၍ မြေအောက်ရေကိုအသုံးပြုပါက ရေ၏အရည်အသွေးကို စစ်ဆေးရန်လိုအပ်ပါသည်။ ရေတွင် အငန်ဓါတ်ပါဝင်နှုန်းမြင့်မားပါက ကြက်ချေးအစိုများခြင်းဖြင့် ကြက်ဥ၏ အရည်အသွေးကို ကျဆင်းစေပါသည်။ ရေတွင်အခြားမပျော်ဝင်နိုင်သော ဓါတ်များပါဝင်နေပါက ကျောက်ကပ်ကိုပျက်စီးစေ နိုင်ပါသည်။ နောက်တစ်ခုက မြေအောက်ရေသည်အမြဲတမ်းလိုလို ပိုးပါဝင်တတ်ပြီး ကြက်ကိုဝမ်းပျက်စေ ပါသည်။ ထို့ကြောင့် မြေအောက်ရေအတွင်း Chlorine ခတ်ခြင်းဖြင့် ပိုးကိုကာကွယ်ပေးသလို ရေ၏ အရည်အသွေးလည်းကောင်းမွန်လာပါသည်။ လွတ်ကျောင်းစနစ်တွင် ရေခွက် (သို့) ရေဗူးတွင် 3ppm Chlorine ပါဝင်ရပါမည်။ နူတ်သီးခေါင်းစနစ် (Nipple) တွင် 1ppm ပါဝင်လျှင်ရပါသည်။ သို့သော် ကာကွယ်ဆေးမပေးခင် 48 နာရီအရှေ့ပိုင်းတွင် သောက်ရေအတွင်း Chlorine ထည့်ခြင်းမှရှောင်ကြဉ်ပါ။ ကာကွယ်ဆေးပေးခြင်းကို ထိခိုက်စေနိုင်ပါသည်။

 

ကြက်ပေါက်အရွယ် မွေးမြူခြင်း

မီးကိုင်သည့် ရည်ရွယ်ချုက်မီးကိုင်သည့် ရည်ရွယ်ချက်

မီးကိုင်သည့် ရည်ရွယ်ချုက်သည် ကြက်ကလေးများ အလေးချိန်တူညီစွာကြီးထွားစေရန်နှင့် နောက်ပိုင်းကြက်မဒန်းအတွက် ပို၍ဖွံဖြိုးသော ကိုယ်အလေးချိန် နှင့် သင့်လျှော်သောကိုယ်ခန္ဓာ တည်ဆောက်မှုကိုပေးပါသည်။

ကြက်ပေါက် ကလေးများ မရောက်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်များ

  1. ဝင်ရမည့် ကြက်ပေါက်အရေအတွက် ၊ လိုအပ်သော မီးကိုင်ကိရိယာနှင့် ပစ္စည်းများလိုအပ်ချက်ကိုတွက်ချက်ပါ။
  2. လိုအပ်သော အပူပေးကိရိယာနှင့် အစာခွက်များလုံလောက်မှုရှိမရှိ စစ်ဆေးပါ။
  3. ရေအပြည့်ထည့်ထားသော ရေဗူးများ မီးကိုင်ဝင်းအတွင်းရှိနေမရှိနေ နှင့် ရေအပူချိန် 20-25 ကိုထိန်းထားရပါမည်။
  4. ကြက်မရောက်မှီ 24 နာရီအလို (နွေပိုင်း ) ၊ ကြက်မရောက်မှီ 48 နာရီအလို (ဆောင်းတွင်း ) အချိန်တွင် ကြိုတင်၍ အနွေးဓါတ်ပေးထားရန် လိုအပ်ပါသည်။ အခန်းအပူချိန် 35-36 အတွင်းရှိရပါမည်။ တပြိုင်နက်တည်း ရေဝင်လေထွက် ပန်ကာများကိုလည်း အနိမ့်ဆုံးလည်နှုန်းကိုထိန်းထားပေးပါ။ ဒါမှသာလျှင် အခန်းအပူချိန်ညီမျှမည်ဖြစ်သည်။

ကြက်ပေါက်ရောက်ရှိ သည့်အချိန်

  1. ကြက်ပေါက်ဗူးများကို ခြံအတွင်းသို့ယူ၍ ၊ မီးကိုင်ဝင်းအတွင်းညီမျှစွာဝိုင်း အတွင်းသို့ထည့်ပါ။
  2. မီးကိုင်ဝိုင်း (သို့ ) ခြင်း အဝေးဆုံးနေရာမှ စတင်၍ ထည့်လာပြီး မီးကိုင်ဝိုင်း ( သို့ ) ခြင်း အတွင်းသို့ လျှင်မြန်စွာထည့်ပါ။
  3. ကြက်ကလေးများကို ရေအရင်တိုက်ပါ။ တစ်ချိန်တည်းမှာပဲ အပူချိန်မှန်ကန်မှုရှိမရှိ စစ်ဆေးပါ။
  4. 2-3 နာရီကြာရေသောက်ပြီး ၊ ကြက်၏အခြေအနေကိုကြည့်၍ ကြက်ပေါက်ကလေးများ ပုံမှန်လှုပ်ရှားသွားလာနေခြင်း ရှိမရှိ စစ်ဆေးပါ။ ကြက်ပေါက်ကလေးများ မောပန်းနေပြီး ပါးစပ်ဟနေပါက အပူချိန်မြင့်မားနေပြီဆိုတာကို သတိပြုရပါမည်။ ကြက်ပေါက်ကလေးများ တစ်နေရာတွင် စုဝေးနေပြီးအောင်းနေပါက အပူချိန်နိမ့်နေပြီး လေစိမ်းများတိုးဝင်နေပြီဆိုတာကို သတိပြုရပါမည်။

လှောင်ခြံစနစ်ဖြင့် မီးကိုင်ခြင်း

  1. ကြက်ပေါက်မရောက်မှီအချိန် လှောင်ခြံအခင်းအောက်တွင် ကဒ်ထူကဲ့သို့ထူသော စက္ကူကိုခင်းထားပေးပါ။ ရေဗူးငယ်များကို စက္ကူပေါ်တွင်တင်၍ ကြက်ငယ်ရောက်ရှိချိန်တွင် ရေ၏အပူချိန် 20-24 ရှိနေရပါမည်။ သွေးဝမ်းရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် ကဒ်ထူစက္ကူကို ၇ ရက် မြောက်နေ့တွင်ဖယ်ရှားပစ်ရပါမည်။
  2. ကြက်ပေါက်ရောက်ရှိချိန်တွင် ကြက်ပေါက်ကလေးများအား ရေဗူးကလေးများနှင့် အနီးဆုံးနေရာတွင်ထားပြီး 3နာရီနောက်ပိုင်းမှအစာကျွေးရန်။
  3. လေဝင်လေထွက်မရှိသော ပတ်ဝန်းကျင်တွင် မီးမကိုင်ရန် နှင့် ကြက်လှောင်ခြံအပူချိန် 35-36  ံC ရောက်သည့်အချိန်တွင် ပန်ကာကို အနိမ့်ဆုံး လည်နှုန်းဖွင့်ပြီး အပူချိန်ကိုထိန်းထားပေးပါ။ လေဝင်လေထွက်မကောင်းပါက Marek ရောဂါဖြစ်ပွားမှုကို လှုံ့ဆော်ပေးတတ်ပါသည်။
  4. 1-2 ရက်သားတွင် ( 100 watt  မီးသီး ) မီးအလင်းရောင်ကို အလင်းဆုံးနေရာတွင်ထားပါ။ 24 နာရီထွန်းပါ။ မီးအလင်းရောင်လုံလောက်မှ ကြက်ပေါက်ကလေးများ သောက်ရေဗူးများကို စွဲဆောင်မှုရှိနေမှာဖြစ်ပါသည်။
  5. အပူချိန် ၊ အစာ ၊ ရေ ကြောင့် ကြက်ပေါက်များ ပုံမှန်ရှိမရှိ စစ်ဆေးပါ။ ဤစစ်ဆေးမှုကို 2-3 ပတ် အတွင်း အရေးကြီးပါသည်။

အခင်းစနစ်ဖြင့် မီးကိုင်ခြင်း ( လွတ်ကျောင်းစနစ် )

  1. ကြက်ပေါက်မရောက်မှီအချိန်တွင် ကြက်ခြံကိုအပူပေးထားပါ။ မီးကိုင်သည့်ဝိုင်းအတွင်း အခင်းအပူချိန်သည် ကြက်ပေါက်ရောက်ရှိသည့်အခါ 36  ံC  ရှိမရှိ ၊ လေဝင်လေထွက် ကောင်းမွန်ပြီး အပူချိန်ကိုထိန်းနိုင်မှုရှိမရှိ ၊ ရေ၏အပူချိန် 20-25  ံC ရှိမရှိ စစ်ဆေးပါ။
  2. မီးကိုင်ဝိုင်း တစ်ဝိုင်းလျှင် ကြက်အကောင် 500 နှုန်းဖြင့်မီးကိုင်ပါ။ ကြက်ပေါက်ရောက်ပြီး မီးကိုင်ဝိုင်းအတွင်းသို့ထည့်ပြီး ၊ ကြက်ကလေးများ 3နာရီကြာရေသောက်ပြီးမှအစာကျွေးပါ။
  3. 1-2 ရက်သားအချိန်တွင် ( 100 watt  မီးသီး ) မီးအလင်းရောင်ကို အလင်းဆုံးနေရာတွင်ထားပါ။ 24 နာရီထွန်းပါ။ မီးအလင်းရောင်လုံလောက်မှသာ ကြက်ပေါက်ကလေးများ သောက်ရေဗူးများကို စွဲဆောင်မှုရှိနေမှာဖြစ်ပါသည်။
  4. မီးကိုင်အုပ်ဆောင်းအနီးတွင် သာမိုမီတာတစ်ချောင်း ချိတ်ဆွဲထားပါ။ 36ံC ရှိရပါမည်။ ကြက်ပေါက်အမွေးအတောင်များမစုံမခြင်း မီးကိုင်ရပါမည်။
  5. ကြက်၏နှုတ်သီးကို ရေသောက်ခွက်အတွင်းနှစ်၍ ၊ ကြက်ပေါက်ကလေးများအားရေသောက်ခြင်းကို သင်ကြားပေးနိုင်ပါသည်။
  6. လုံလောက်သောအစာပန်းရှိမှသာလျှင် ကြက်ငယ်များအစာကိုလုံလောက်စွာ စားနိုင်မည်ဖြစ်သည်။
  7. အမြဲတမ်း စောင့်ကြည့်ရပါမည်။ ညပိုင်းတွင်လည်း ထိုနည်းတူစွာစောင့်ကြည့်ပါ။  ဒါမှသာလျှင် ပြဿာနာကို ချက်ချင်းဖြေရှင်းနိုင်မည်ဖြစ်သည်။
ကြက်လတ်အရွယ်တွင်လိုအပ်သောအကျယ်အဝန်း
  လှောင်ခြံစနစ် အခင်းစနစ်
1-4 ပတ် 5-17 ပတ် 1-4 ပတ် 5-17 ပတ်
မီးကိုင်ဝိုင်း 500 ကောင်
Open House အတွက် 190cm2/bd 375 cm2/bd 20 bds/m2 6 bds/m2
Close House အတွက် 190cm2/bd 375 cm2/bd 20 bds/m2 8 bds/m2
အစာမြောင်း(cm/ကောင်) 5 10 5 10
အစာဗန်း (ကောင်/ခု) 60 60
အစာပုံး (ကောင်/ခု) 16 50 25
ကောင်/ရေခွက် 16 8 20 10
ကောင်/Nipple 16 8 20 10
ကောင်/Bell Drinker 50 125 75
ရေသယောက်(cm/ကောင်) 2 4 2 4

မီးကိုင်အပူချိန် ၊ စိုထိုင်းစ နှင့် လေဝင်လေထွက်

ပတ်ဝန်းကျင်အခြေအနေကြောင့် ကြက်ပေါက်၏ကြီးထွားနှုန်းကို ထိခိုက်နိုင်သလို ၊ နောက်ပိုင်း ဥ ဥသည့်ကာလပါ ထိခိုက်နိုင်ပါသည်။ အဓိက အကြောင်းအရင်းသည် အပူချိန် ၊ စိုထိုင်းဆ ၊ လေထုတွင်ပါဝင်သော အနံ့ဆိုးများဖြစ်သည်။ ကြက်၏အပူချိန်ကို ကြက်၏အသက်အရွယ်အလိုက် ပြောင်းလဲပြုပြင်ပေးရပါမည်။ ကြက်ကလေး၏ လှုပ်ရှားမူအပေါ်မူတည်၍ မှန်ကန်သောအပူချိန်ပေးခြင်းဖြင့် လုပ်ဆောင်ရပါမည်။ အကယ်၍ အပူချိန်ချသည့်အခါတွင်လည်း ဖြည်းဖြည်းချင်းချရန်။ မြန်မြန်ချခြင်းမှရှောင်ကြဉ်ရပါမည်။ အပူချိန်လိုတိုးပိုလျှော့သည့်အခါ ၊ လေဝင်လေထွက်ကောင်းခြင်းရှိမရှိကို သတိပြုရပါမည်။ လေဝင်လေထွက်ကောင်းသည့်အခါ မှန်ကန်သောအပူချိန်ကိုထိန်းထားနိုင်ရန်လည်း လိုအပ်ပါသည်။ မီးကိုင်သည့်အစပိုင်းတွင် ကြက်ကလေးကျန်းမာပြီး ဒဏ်ခံနိုင်မှုရှိခြင်းတို့သည် နောက်ပိုင်းကြက်လတ်အရွယ်တွင် ကြီးထွားနှုန်းကောင်းမကောင်းနှင့် ဆက်နွယ်နေပါသည်။ အပူချိန်ကိုသာ ဦးစားပေးပြီး ကြက်ခြံကိုအလုံပိတ်ထားမည် ဆိုပါကလည်း ကြက်ခြံအတွင်း လေဝင်လေထွက်ကောင်းမွန်ခြင်း မရှိဘဲ ၊ ကြက်၏ကျန်းမာရေးနှင့် ကြီးထွားနှုန်း ကိုထိခိုက်စေပါသည်။ ကြက်ပေါက်၏ကိုယ်အပူချိန်ကို တိုင်းတာခြင်းဖြင့် အကောင်းဆုံးသော လမ်းညွှန်မှုပင်ဖြစ်သည်။ ကျွန်တော်တို့ နေ့စဉ်သုံး နားသာမိုမီတာဖြင့် ကြက်၏ကိုယ်အပူချိန်ကို တိုင်းတာခြင်းဖြင့် ကြက်၏ကိုယ်အပူချိန်ကို သိရှိနိုင်ပါသည်။ အနည်းဆုံး 10 ကောင်လောက်တိုင်းတာခြင်းဖြင့် ကြက်၏ကိုယ်အပူချိန်ပျမ်းမျှကို သိရှိနိုင်မည်ဖြစ်သည်။ ကြက်ပေါက်၏ကိုယ်အပူချိန် 40-41 ံC ပျမ်းမျှအပူချိန် ဖြစ်ပါက စိုထိုင်းစ 0.5 ဒီဂရီတိုးရပါမည်။ ကိုယ်အပူချိန် 40-41 ံC မရောက်ရှိခြင်း အခန်းအပူချိန်အပြင် အခြားအကြောင်းအရာများမှာ

  1. ကြက်ခြံအတွင်း လေထုအပူမညီမျှမှု
  2. စိုထိုင်းစ နိမ့်နေပြီး လေထုအပူချိန်ပေးသလောက် မလုံလောက်ခြင်း
  3. ကြက်ပေါက်ရောက်ရှိသည့်အချိန်တွင် ကြက်ခြံကိုကြိုတင်၍အပူမပေးထားခြင်း

ကြက်ပေါက်၏လှုပ်ရှားမှု ကိုလေ့လားပြီး အောက်ပါတို့ကိုလေ့လာတွေ့ရှိနိုင်ပါသည်။ကြက်ပေါက်၏လှုပ်ရှားမှု ကိုလေ့လားပြီး အောက်ပါတို့ကိုလေ့လာတွေ့ရှိနိုင်ပါသည်။

  1. အကယ်၍ ကြက်ပေါက်များ မီးကိုင်ဝိုင်းတွင် ပြန့်ကျက်နေပါက အပူချိန်နှင့် လေဝင်လေထွက် ပုံမှန် ရှိပါသည်။
  2. အကယ်၍ ကြက်ပေါက်များ တစ်နေရာတည်းစုဝေးနေပါက အပူချိန်နိမ့်နေပြီး လေစိမ်းဝင်နေလို့ ဖြစ်ပါသည်။
  3. အကယ်၍ ကြက်အတောင်ပံ ဖြန့်ထားပြီး လှဲလျောင်းကာ ပါစပ်ဟ နေပါက အပူချိန်မြင့်တက် နေပြီဆိုတာကို သတိပြုရပါမည်။

မီးကိုင်အစပိုင်းတွင် ကြက်ခြံအတွင်းစိုထိုင်းစ 60-70% သည်အကောင်းဆုံး ဖြစ်ပါသည်။ အကယ်၍ ကြက်ကလေးများ သောက်ရေအလုံအလောက်ရှိပါက စိုထိုင်းစအတွက်သိပ်စိတ်မပူရပါ။   ကြက်ခြံအတွင်းရှိလေထုသည် အောက်ပါဇယားအတိုင်း အနိမ့်ဆုံး ရှိရပါမည်။

သောက်ရေသောက်ရေ

သောက်ရေခွက်၏ အမြင့်သည် ကြက်သက်တောင့်သက်သာသောက်နိုင်သော နေရာတွင် ထားရှိရမည်ဖြစ်ပြီး ရေ၏အပူချိန်မှာလည်း 20-25  ံC ရှိရပါမည်။ အစာမကျွေးမှီ ကြက်ကလေး များကို ရေ 3နာရီ ကြိုတိုက်ပါ။ အကယ်၍ ရေဗူးဆိုလျှင် တစ်ဗူးကို ကြက်အကောင်ရေ 50 နှုန်း၊  7-10 ရက်သား နောက်ပိုင်းတွင် Nipple ရေခွက်သို့ ပြောင်းပေးနိုင်ပါသည်။ ပြောင်းလဲစဉ်ကာလတွင် ကြက်ကလေးများ သောက်ရေခွက်အသစ်ပုံစံကို သောက်တတ်သွားသည့် အခါမှသာ ရေဗူးများကိုထုတ်နိုင်ပါသည်။

ကြက်ပေါက်ရောက်ရှိသည့်အခါ ကြက်ကလေးများခရီးပန်းလာသောကြောင့် ရေအတွင်း Vitamin နှင့် အခြားဓါတ်ဆားများ ဖျော်၍တိုက်နိုင်ပါသည်။ 48 နာရီတိုက်လျှင်လုံလောက်ပါသည်။   လွတ်ကျောင်းစနစ်တွင် ရေဗူးများကို လုံလောက်မှုရှိမရှိ တွက်ချက်ပြီး တစ်ဘက်တစ်ချက်တွင် ညီမျှုစွာထားရှိရပါမည်။ အကယ်၍ Nipple Drinker  ကိုအသုံးပြုမည်ဆိုပါက ဖိအား ( pressure ) ကိုနိမ့်အောင်ချိန်ထားရပါမည်။ ပိုက်အတွင်းမှ ရေသည်လည်း သန့်ရှင်းရမည်ဖြစ်သည်။

Starter အစာ သို့  Grower အစာ

ကြက်ကလေးသည် 1 ရက်သားမှ 3 ပတ်သားအထိ Crude Protein 20% နှင့် ME 2900 kcal ရှိသောအစာကို ကျွေးရပါမည်။ အဓိကကြောင်းအရင်းမှာ ကောင်းမွန်သော ကြီးထွားနှုန်းကို ရရှိစေမည် ဖြစ်သည်။ အကယ်၍ 1 ရက်သားမှစ၍ Grower အစာကိုစ၍ ကျွေးပါက ၊  ဒုတိယအပတ်တွင် ကိုယ်အလေးချိန်စံချိန် မမှီသည်ကိုတွေ့ရှိရပါမည်။ (သို့ ) ကြက်ကလေးများ အစာစားနှုန်း နည်းနေမည်ဖြစ်သည်။ ထို့ကြောင့် Starter စာကိုကျွေးရမည်ဖြစ်သည်။

ကြက်ကလေး 50 ကောင်လျှင် အစာဗန်း 1 ခုနှုန်းဖြင့်ကျွေးရမည်ဖြစ်ပြီး ၊ အစပိုင်းရက်များတွင် အစာနဲနဲ နှင့် အကြိမ်များများ ကျွေးရန်လိုအပ်ပါသည်။ ကြက်ကလေးများ ပုံမှန်အစာခွက်များ ပြောင်းလဲသည့်အခါတွင် ကြက်ကလေးများ နေသားကျသွားသည့်အခါမှသာ အစာဗန်းများကိုဖယ်ထုတ်ပါ။

LOHMANN BROWN-CLASSIC Pullets/Layers အတွက် အစာအာဟာရ အကြံပြုချက်

Micro-Nutrient Specification အကြံပြုချက်

အလင်းပေးခြင်း

ကြက်ကလေး ပထမ 2-3 ရက်သားတွင် 24 နာရီ မီးထွန်းထားရပါမည်။ 4 ရက်သားမှစ၍ 16 နာရီပြောင်းလဲပေးရပါမည်။ အလင်းပြင်းအား 20-40 LUX (1m2 2-4 Watt)အားရှိရပါမည်။ ည ပိုင်းတွင် 8 နာရီအမှောင်ချပေးပါ။ 8 ရက်သားအချိန်တွင် 14 နာရီသိုပြောင်းပါ။ 15 ရက်သားအချိန်တွင် 12 နာရီသို့ ပြောင်း၍ပေးပါ။ အလင်းပြင်းအားကို 10-20 LUX သာပေးပါ။ ဤသို့ အလင်းလျှော့ချခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကြက်ကလေးအတွက် အစာ နှင့် ရေကို ပို၍စားသုံးရန် အချိန်ကို လုံလုံလောက်လောက် ရရှိစေပါသည်။ ဤနည်းသည် အပူပိုင်းဒေသတွင် ပို၍လုပ်ဆောင်သင့်ပါသည်။

မီးအလင်းရောင်နား၍ ဖွင့်ခြင်းပိတ်ခြင်းစနစ် (Intermittent Lighting Programme)

ပုံမှန်အခြေအနေတွင် ကြက်ငယ်ရောက်ရှိပြီး 2-3 ရက်သားတွင် 24 နာရီမီးထွန်းပေးရပါသည်။ သို့မှသာ ကြက်ငယ်များ ရေ နှင့် အစာ ကိုရှာဖွေတွေ့ရှိပြီး မြန်မြန်ကိုယ်ခံအားရရှိမည်ဖြစ်သည်။

က်ကလေးကို မီးကိုင်ဝိုင်းအတွင်းသို့ချလိုက်ပါ။ အများအားဖြင့် ကြက်ကလေးများမှာ ရေ နှင့် အစာကို ရှာဖွေစားသောက်ကြမည်ဖြစ်သည်။ သို့ပေမယ့် အချို့သောကြက်ကလေးများမှာ ဆက်လက်၍အိပ်နေမည်ဖြစ်သည်။ ကြက်ကလေးများ၏ လှုပ်ရှားမှုများ မတူညီနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ အထူးသဖြင့် ပထမ ပတ်တွင် မီးကိုင်နေသူများ ကြက်ကလေး၏ လှုပ်ရှားမှုကိုကြည့်၍ ကျန်းမာမှုရှိမရှိကို ခွဲခြားရခက်နေလိမ့်မည်ဖြစ်သည်။ အလင်းအလုံပိတ်စနစ်ဖြင့် မီးကိုင်ကြသော ကြက်ခြံတွင် မီးအလင်းကို ပိတ်လိုက်ဖွင့်လိုက်စနစ်ဖြင့် ပြုလုပ်ပေးရန် အကြံပြုပါသည်။ တစ်နေ့ကို လှုပ်ရှားမှုအချိန် နှင့် နားနေချိန်ကို ခွဲခြားပေးရန်ဖြစ်သည်။ ဤစနစ်သည် အလွန်ထိရောက်သော စနစ်ဖြစ်သည်။

ဒါကြောင့် ကြက်ကလေးရောက်ရှိပြီး 1-2 ရက်ပြီးလျှုင် အလင်းဖွင့် အလင်းပိတ်စနစ်ကို စတင်နိုင်ပြီဖြစ်သည်။ 4 နာရီဖွင့် 2 နာရီပိတ် စနစ်ဖြင့် 7 ရက်မှ 10 ရက်သားထိ ပြုလုပ်နိုင်ပါသည်။ ပြီးလျှင် ပုံမှန်အတိုင်း အလင်းလျှော့၍ သွားနိုင်ပါသည်။

 LOHMANN BROWN- CLASSIC Pullets/Layers ၏ကိုယ်အလေးချိန်ဖွံ့ဖြိုးမှု နှင့်အစာစားနှုန်း

မီးအလင်းဖွင့် အလင်းပိတ်စနစ်၏ အကျိုးကျေးဇူးများမှာမီးအလင်းဖွင့် အလင်းပိတ်စနစ်၏ အကျိုးကျေးဇူးများမှာ

  1. ကြက်ငယ်များအားလုံး တူညီသော နားချိန် အိပ်ချိန် ကိုရရှိစေပါသည်။ ကြက်ငယ်ကလေးများ၏ လှုပ်ရှားမှုများ တူညီမည်ဖြစ်သည်။
  2. သန်မာသော ကြက်ကလေးများ၏ လှုံ့ဆော်မှုကြောင့် မသန်မာသည့် ကြက်ငယ်ကလေးများသည်လည်း ရေ နှင့် အစာကို ရှာဖွေ၍ စားသုံးမည်ဖြစ်သည်။
  3. ကြက်လှုပ်ရှားမှု တူညီမှုရှိသည့်အတွက် ကြက်၏ကျန်းမာမှုကို အလွယ်တကူဆုံးဖြတ်နိုင်သည်။
  4. ကြက်ငယ်ကလေးများ၏ သေနှုန်းကို ကျဆင်းစေသည်။

နှုတ်သီးဖြတ်ခြင်း

ကောင်းသောပတ်ဝန်းကျင်အခြေအနေတွင်Lohmann Brown ကြက်သည် နှုတ်သီးဖြတ်ရန် မလိုအပ်ပါ။ သို့ပေမယ့် နှုတ်သီးဖြတ်ခြင်းသည် ကြက်၏ စအိုဆိတ်သည့် အကျင့်ကို ကာကွယ်ပေးပါသည်။ ဥပမာ၊ အလင်းရောင်ပြင်းအားများသည့် ကြက်ဆောင်အောက်တွင် မတူညီသော အစာအာဟာရ ၊ လေဝင်လေထွက်မကောင်းခြင်း ၊ ကြက်အလွန်များခြင်း သို့မဟုတ် ပတ်ဝန်းကျင် ဆူညံမှုရှိခြင်း စသည့်အခြေအနေအောက်တွင် ကြက်သည် ဆိတ်သည့်အကျင့်ကို ဖြစ်ပေါ်စေသည်။

အလင်းအလုံပိတ်စနစ် ( Close House ) ကြက်ခြံ လှောင်ခြံစနစ်ဖြင့် မွေးမြူသည့် ကြက်ခြံသည် အလင်းကိုလိုအပ်သလိုချိန်၍ ရခြင်းကြောင့် ကြက်ဆိတ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အကယ်၍ လွတ်ကျောင်း အလင်းဖွင့်စနစ်( Open House ) ဖြင့်မွေးမြူသောခြံတွင် အလင်းပြင်းအားကို ထိန်းသိမ်း၍မရသောကြောင့် နှုတ်သီးဖြတ်ရပါမည်။ နောက်ဆုံးအသစ်ထွက်ရှိသော နှုတ်သီးဖြတ်စနစ်မှာ ခရမ်းလွန်ရောင်ခြည်ဖြင့် ဖြတ်ခြင်းဖြစ်ပါသည်။ ထိုနည်းစနစ်မှာ ဖောက်စက်တွင်သာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကျွမ်းကျင်သော ဝန်ထမ်းများဖြင့်သာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သမားရိုးကျနည်းမှာ 7-10 ရက်သားတွင်သာ ဓားဖြင့်အပူပေး၍ နှုတ်သီးဖြတ်ကြပါသည်။

နှုတ်သီးဖြတ်လျှင် သတိထားရမည့် အချက်များ

  1. 7-10 ရက်သား ကြက်ကျန်းမာသည့် အချိန်တွင်သာ နှုတ်သီးဖြတ်ရန်။
  2. နှုတ်သီးဖြတ် အတွေ့အကြုံရှိသောသူသာလျှင် နှုတ်သီးဖြတ်သည့် အလုပ်ကို သတိထားပြီးပြုလုပ်ပါ။ နှုတ်သီးကိုတစ်ချက်တည်းဖြင့် ပြီးအောင်ဖြတ်ပါ။
  3. အပူူချိန် 700  ံC ရှိသော ဓားပြားပေါ်တွင် မှန်ကန်တိကျစွာ ဖြတ်ပါ။ ဖြတ်သည့်နေရာသည် နှာခေါင်းပေါက်နှင့် 2mm အကွာအဝေးတွင်ဖြတ်ပါ။ နှုတ်သီးဖြတ်ချိန် 2 စက္ကန့်အချိန်ဖြင့် ထိန်း၍ဖြတ်ပါ။ ကြက်ငယ်ကလေး၏ မေးအောက်ကိုအသာအယာဖိ၍ ဖြတ်ပါ။
  4. နှုတ်သီးမဖြတ်မှီ 12 နာရီအရှေ့ပိုင်းတွင် အစာမကျွေးပါနှင့်။ နှုတ်သီးဖြတ်ပြီးမှသာ အစာကျွေးပါ။ အစာပမာဏပါတိုး၍ ကျွေးနိုင်ပါသည်။
  5. နှုတ်သီးဖြတ်ပြီး 3-5 ရက်အတွင်း မီးကိုင်သည့် အပူချိန်ကို သင့်လျှော်သောအပူချိန်ရောက်အောင် တိုးမြင့်ပေးပါ။
  6. နှုတ်သီးဖြတ်ပြီး နှင့် မဖြတ်မှီ ရှေ့နောက် 2 ရက်အတွင်း သောက်ရေအတွင်းတွင် Vitamin K (5mg/ liter )  ဖျော်တိုက်ခြင်းဖြင့် အနာကျက်စေရန် အထောက်အကူပြုစေပါသည်။

ကြက်လတ်အရွယ်မှကြက်မဒန်းအရွယ် ထိ ပြုစုစောင့်ရှောက်ခြင်း

ကိုယ် ခန္တာဖွံဖြိုးမှု နှင့် အာဟာရ

ကြက်လတ်အရွယ်မှ ကြက်မဒန်း အရွယ်မရောက်ခင် အဓိကကိုယ်အလေးချိန် ဖွံဖြိုးပြီး ကောင်းသောအခြေခံကောင်းများရရှိနိင်ပါသည်။ ကိုယ်အလေးချိန်စံချိန်စံညွှန်း ပြည့်ညီမှုရှိမှသာလျှင် ဥ ထုတ်လုပ်နိုင်မှု အမြင့်ဆုံးသို့ရောက်ရှိမည်ဖြစ်ပြီး ကောင်းစွာ ဥ ဥနိုင်သောကြက်မျိုးကိုရရှိမည်ဖြစ်သည်။ ကိုယ်အရိုးသေးပြီး အလေးချိန်ကြီးပါက ကြက်သည် အဝလွန်ပြီး ဥ ထုတ်လုပ်နိုင်စွမ်းကောင်းမွန်မည် မဟုတ်ပေ။ ဥပမာ – စောစောဥခြင်း ၊ ဥအိမ်ကျွံခြင်း ၊ ကြက်ဥစမ်းသည့်အခါတွင် ကြက်သေနှုန်းမြင့်မားခြင်းတို့ ဖြစ်နိုင်ပါသည်။

Starter နှင့် Grower အစာ၏ Protein ပါဝင်မှုသည် ကိုယ်အရိုးတည်ဆောက်ပုံ ကောင်းမွန်ခြင်းကို ပေးပါသည်။ 56 ရက်သား ရှေ့ပိုင်းတွင် Protein 20% နှင့် 18.5% ဖြင့် Starter နှင့် Grower အစာကိုစပ်ရသလို 57 ရက်သားနောက်ပိုင်းတွင် Developer အစာကိုပြောင်း၍ ကျွေးရပါသည်။ ပုံမှန်အနေအထားအရ ကိုယ်အလေးအချိန် 1400g  ရောက်ရှိသည့် အချိန်တွင် ဥ မတန်းအရွယ်သို့ရောက်ရှိပြီဖြစ်သည်။

ကြက်လတ်စာ Developer Feed ၏ ME နှင့် Fiber ပါဝင်မှု

Crude Fiber ကို NSP (Non-Starch Polysaccharides)ဟုလည်းခေါ်ကြပါသည်။ ကြက်အတွက် အာဟာရတန်ဖိုးမရှိပေမယ့် အစာခြေလမ်းကြောင်း ဖွံဖြိုးမှုကို အထောက်အကူပြုစေပါသည်။ ဤကြက်လတ်အရွယ်တွင် ပရိုတင်းဓါတ်မြင့်မားရန် မလိုအပ်တော့ပါ။ တစ်ချိန်တည်းမှာပင် ဥ ဥသည့်အခါတွင် အစာစားနိုင်ရန်အတွက် အစာတွင် 5-6% Fiber အမျှင်ဓါတ်ပါဝင်ရပါမည်။ ဤသို့ပါဝင်ခြင်းအားဖြင့် ကြက်၏အစာအိပ် နှင့် အစာအိမ်ခြေဖျက်မှုကို ကြီးထွားစေရန်အားပေးပါသည်။  သို့မှသာ အစာစားနှုန်းကောင်းမွန်သော ဥ မတန်းအရွယ်သို့ရောက်ရှိမည်ဖြစ်ပြီး ၊ ဥ ဥသည့်အချိန်တွင် ဥနှုန်းအမြင့်ဆုံး သို့ရောက်အောင်ပို့ဆောင်ပေးမည်ဖြစ်သည်။

ဖွဲနု ၊ ဂျုံဖွဲ ၊ နေကြာဖတ် စသည်တို့သည် Fiber အများဆုံးပါဝင်သော ကုန်ကြမ်းများဖြစ်ပါသည်။ DDGS ( Dried Distillers Grain with Soluables) သည်လည်း Crude Fiber အဖြစ်အသုံးပြုနိုင်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်လည်းအစာ၏ ME ကိုလျှော့ချ၍မရပေ။ သမားရိုးကျ အစာဖြစ်သော ပြောင်း ပဲပုတ် အစာ Formula တွင် Fiber 5-6% ပါဝင်အောင် စပ်နိုင်ရန် အလွန်ခက်ခဲပါသည်။ ထို့ကြောင့် အခြားဘေးထွက်ပစ္စည်းများ Fiber ဓါတ်များသော ကုန်ကြမ်းကိုရွေးချယ်၍ ရောစပ်သင့်ပါသည်။

ကိုယ်အလေးချိန် ချိန်ခြင်း နှင့် အရွယ်အစားညီမျှခြင်း

ကိုယ်အလေးချိန်တွယ်ရာတွင် အနည်းဆုံး 100 ကောင်ထက်မနည်း ချိန်တွယ်ရပါမည်။ ၄ ပတ်သားမှစ၍ အပတ်စဉ် ကိုယ်အလေးချိန် ချိန်တွယ်ပြီး ဥ အမြင့်ဆုံးကာလရောက်ရှိသည် အထိချိန်တွယ်ရပါမည်။ ပုံမှန်အခြေအနေတွင် Lohmann Brown သည် စံချိန်အလေးချိန် အရွယ်သို့ရောက်ရှိပါသည်။ အကယ်၍ ကိုယ်အလေးချိန်စံနှုန်းထက် မြင့်မားပါက ကြက်စာအတွင်း ME ကိုလျှော့ချခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်မည်ဖြစ်သည်။

ကိုယ်အလေးချိန်တွင်မက ကြက်အရွယ်အစားတူညီခြင်း သည်လည်းအရေးကြီးပါသည်။ 17 ပတ်သားအရွယ်တွင် 80% တို့သော ကြက်များသည် ကိုယ်အလေးချိန်အရွယ်အစားအထက်အောက် 10% သာကွာရမည်ဖြစ်သည်။ အရွယ်အစားမတူညီရခြင်း အကြောင်းအရင်းမှာ သိပ်သည်းဆမြင့်အောင်မွေးခြင်း ၊ ရောဂါဝင်ခြင်း ၊ နှုတ်သီးဖြတ်မမှန်ကန်ခြင်း ( သို့ ) အာဟာရစုပ်ယူနိုင်မှု မရှိခြင်း စသည်တို့ဖြစ်သည်။ ကြက်လတ်မှကြက် မတန်းအရွယ် ၊ ကြက်၏ကိုယ်အလေးချိန်မတူညီမှု 80% ထက်နိမ့်နေပါက အောက်ပါတို့ကိုလုပ်ဆောင်ပါ။

  1. ကြက်၏သိပ်သည်းဆ ကိုလျှော့ချပါ။
  2. အစာခွက်နှင့် ရေဗူးများကို တိုး၍သော်လည်းကောင်း ပြုလုပ်ပေးပါ။
  3. မတူညီသော ကြက်အလေးချိန်ကို အုပ်စု ( ၃ ) အုပ်စုခွဲ၍ မတူညီသော အစာအာဟာရဖြင့်ကျွေးပါ။

အလင်းပေးခြင်း အစီအစဉ်

အလင်းပေးခြင်းသည်လည်း ဥကြက်မ၏ ဖွံဖြိုးမှု နှင့် ဥ ဥသည့်အသက်ကို ထိန်းချုပ်နိင်သည်။ ဥ  ဥသည့်ကာလတွင်လည်း ဥနှုန်း၏ထုတ်လုပ်မှုကိုလည်း ထိခိုက်နိုင်ပါသည်။ Closed House System ကြက်ခြံသည် အလင်းပေးခြင်းကို အလွယ်တကူကိုင်တွယ်နိင်ပါသည်။ ထို့အပြင် အလင်း၏ပြင်းအား အချိန်ကို လိုအပ်သလိုပြုပြင်နိုင်သည်။ အကယ်၍ ကြက်လတ်အရွယ်မှ ဥ ဥသည့်အရွယ်အထိ အမှောင်စနစ် ကြက်ခြံတွင်မွေးမြူပါက ကြက်မျိုး၏ မျိုးရိုးဗီဇကို အမြင့်ဆုံးသို့ ကောင်းစွာဖော်ထုတ်နိင်ပါသည်။

ကြက်လတ်ခြံကို Open House စနစ်ဖြင့်မွေးမြူပြီး ဥ စမ်းသည့်ကာလတွင် Closed House စနစ်ခြံသို့ ပြောင်းလဲမွေးမြူခြင်းကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် အလင်းပြင်းအား ရုတ်တရက် ကျဆင်းသည့်အတွက်ကြောင့် ဥ ဥနှုန်းကျဆင်းနိုင်ပါသည်။ ကြက်လတ်ခြံကို Closed House စနစ်ဖြင့် မွေးမြူပြီး ဥစမ်းသည့်ကာလတွင်  Open House  စနစ်သို့ပြောင်းလဲမွေးမြူပါက  ကြက်များကို ပိုမို၍ ဂရုစိုက်မွေးမြူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုလျှင် ကြက်ရွေ့ပြီးနောက်ပိုင်း အလင်းအချိန် နှင့် အလင်းပြင်းအားသည် ကြက်လတ်အရွယ်ထက်ပို၍ ရှည်သောကြောင့် ကြက်သည်စော ဥ တတ်ပေသည်။ ကြက်များသည်လည်း တစ်ကောင်နှင့် တစ်ကောင်ဆိတ်တတ်သည်ကို တွေ့ရှိရမည် ဖြစ်သည်။ ဤသို့မဖြစ်စေရန် Closed House မှ Open House သို့မပြောင်းမှီ  အလင်း၏ပြင်းအားကို Open House အလင်း၏ပြင်းအားသို့ ပြောင်းလဲခြင်းဖြင့် ပြုုပြင်နိုင်ပါသည်။ အတတ်နိုင်ဆုံး 17 ပတ်နောက်ပိုင်းမှ ဥစားခြံသို့ပြောင်းရွေ့ပါ။

အလင်းပေးအစီအစဉ်ကို အောက်ပါအချက်အလက်များပေါ်မူတည်၍ ဆောင်ရွက်ပါ။

  1. ကြက်လတ်အရွယ် ၈ ပတ်အရွယ်မှစ၍ ဥစမ်းသည့် ကာလရှေ့ထိ အလင်းပေးအစီအစဉ် မကြာရှည်ရပါ။
  2. ဥ ဥနေစဉ်ကာလတွင် အလင်းပေးအစီအစဉ်၏ အချိန်ကို လျှော့ချ၍မရပါ။
  3. အကယ်၍ Open House ကြက်ခြံဖြစ်ပါက သဘာဝအလင်းသည် အလင်းပေးအစီအစဉ် ကို အနည်းနှင့် အများထိခိုက်နိုင်ပါသည်။

Closed House ကြက်ခြံ၏ အလင်းပေးအစီအစဉ်

ကြက်လတ်အရွယ်တွင် အလင်းကို တစ်ဖြည်းဖြည်း လျှော့၍ပေးသည့်စနစ် သို့မဟုတ် မည်သို့လောက်သော နာရီကို တပြေးညီ အချိန်ပေးမှု ၊ ကြက်ဥစမ်းအရွယ်တွင် အလင်းပေးမှုဖြင့် ဥ ဥအောင်လုပ်ဆောင်ပေးသည့် အချိန်ုသည်လည်း မည်သို့တပြေးညီ အလင်းတိုး၍ ပေးရမည်ကို လိုအပ်သလို ကြက်၏အခြေအနေပေါ်မူတည်၍ ပြောင်းလဲပြုပြင်ရန်လိုအပ်ပါသည်။

LOHMANN BROWN-CLASSIC Pullets/Layers အလုံပိတ်ခြံအတွက်အလင်းပေးအစီအစဉ်

Open House ကြက်ခြံ၏ အလင်းပေးအစီအစဉ်

သဘာဝအလင်းသည် ကြက်ခြံအတွင်းသို့ဝင်ရောက်ထိုးဖောက်နိုင်လျှင် သို့မဟုတ် ကြက်သည် အပြင်ဘက်သို့ သဘာဝအလျှောက် ထွက်သွားနိုင်လျှင် ဤသည်တို့သည် Open Type ကြက်ခြံများဖြစ်ကြပါသည်။ မြောက်လတ္တီကျူ 30-50 သည် တစ်နှစ်တွင် 6 လပိုင်းအချိန်တွင် နေ့တာအရှည်ဆုံးဖြစ်ပြီး 14-16 နာရီအထိရှိပါသည်။ 12 လပိုင်းအချိန်တွင် အတိုဆုံးဖြစ်ပြီး 8-10 နာရီသာအစီအစဉ် ရှိပါသည်။ အလင်းပေးစနစ်သည်လည်း Close House ပေးခြင်းနှင့် သဘောသဘာ၀ အတူတူပင်ဖြစ်သည်။

ကြက်လတ်အရွယ် ၈ ပတ်သားမှစ၍ သတ်မှတ်ထားသောအလင်းချိန်ကိုသာပေးရန်။

ကြက်ဥ သည့်အချိန်တွင် အလင်းကို တဖြည်းဖြည်းတိုး၍ ပေးရန်။

ကျွန်တော်တို့ မြောက်လတ္တီကျူ 30  ံ တွင်ရှိသည့် ကြက်ခြံကို အခြေခံ၍ 3 လ 14 ရက်နေ့တွင် ကြက်ဝင်သည်ဆိုပါစို့။ ထိုကြက်၏အလင်းပေးစနစ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဥမဒန်းအရွယ် (17 ပတ်  7 လပိုင်း 11 ရက်နေ့ ) ၊ ဥမဒန်း အရွယ်ကိုကြည့်ပြီး အလင်းပေးစနစ်ကို 6 လ 20 ရက်နေ့ သည် သဘာဝအလင်းရောင်မှာ 14 နာရီဖြစ်နေသည်။ ထို့ကြောင့် ၈ ပတ်သားမှစ၍ (5 လပိုင်း 9 ရက်နေ့ သဘာဝအလင်းရောင် 13 နာရီခွဲ) နာရီဝက်တိုးကာ 14 နာရီဖြစ်အောင် အလင်းရောင်ပေးရပါမည်။ သို့မှသာ 9 ပတ်မှ 17 ပတ်သားအရွယ်တွင် 14 နာရီအလင်းကိုရရှိမည်ဖြစ်သည်။

Open House Lighting Programme

( 3 လ 14 ရက်ဝင်သောကြက်ပေါက်၊မြောက်လတ္တီကျူ 30  ံ)

 

ကြက်အသက်(Weeks) အလင်း နာရီ အလင်းပြင်းအား (LUX)
Day 1 – 2 24 20-40
Day 3 – 7 Reducing to: 18 20-40
Day 8- 14 Reducing to: 16 10-20
Day 15-21 Reducing to: 14 10-20
4 12.5(သဘာဝအလင်းရောင်)
5 13(သဘာဝအလင်းရောင်)
6 13.25(သဘာဝအလင်းရောင်)
7 13.5(သဘာဝအလင်းရောင်)
8 wks to 17 wks 14(သဘာဝအလင်းရောင် + မီးအလင်းရောင်) 5
18 14 အပေါင်း 30min 10-15
19 30min ပေါင်း 10-15
20 30min ပေါင်း 10-15
21 30min ပေါင်း 10-15
22 30min ပေါင်း 10-15
23 17 မှဥတုံးသည်အထိ 10-15

Developer Feed မှ Pre Lay သို့ပြောင်း၍ကျွေးခြင်း

17 ပတ်သား (113 ရက်သား ) မှစ၍ Developer Feed မှ Pre Lay အစာသို့ပြောင်း၍ ကျွေးရပါမည်။ ဥ ဥနှုန်း 5% ရှိသည့်အချိန် ( 18-19 ပတ်သား ) တွင် ၊ ဥစားကြက်မစာ သို့ပြောင်း၍ကျွေးရမည်။ Developer Feed နှင့် Pre Lay Feed နှိုင်းယှဉ်မည်ဆိုလျှင် ကယ်လစီယယ် (Ca) ၏ ပါဝင်နှုန်းမှာ Developer Feed ၏ 2 ဆဖြစ်ပြီး Protein နှင့် Amino Acid သည်လည်းပို၍ မြင့်မားပါသည်။ Pre Lay အစာကို 7-10 ရက် (ကြက်မတစ်ကောင် 1 kg ) ကျွေးခြင်းဖြင့် ဥ ဥနှုန်း 5% သို့ရောက်ရှိကာ ၊ အောက်ပါအကျိုးကျေးဇူးများရရှိပါသည်။

  1. ကယ်လစီယမ် ( Ca ) အနိမ့်နှင့် အာဟာရနိမ့်သော Developer Feed ကြက်စာမှ ကယ်လစီယမ်မြင့်ပြီး အာဟာရမြင့်သောအစာ အပြောင်းအလဲပြုလုပ်နေချိန် အတောအတွင်း အစာစားနှုန်းကိုလည်း မထိခိုက်စေဘဲ ပုံမှန်အနေအထားရှိနေပါသည်။
  2. ကြက်၏အရွယ်အစားညီမျှမှုသည်လည်း ပို၍ကောင်းလာပါသည်။ အချို့သောဖွံဖြိုးမှုနောက်ကျသော ကြက်များအတွက် Pre Lay အစာကိုကျွေးခြင်းဖြင့်လည်း အရွယ်ညီမျှမှုကို ကူညီရာရောက်ပါသည်။
  3. စောစော ဥ သည့် ကြက်မအတွက်လည်း ဥ ၏ အရည်အသွေးကိုကောင်းစေသလို ၊ နောက်ပိုင်း ဥ ဥသည့်အခါအတွက်လည်း ဥ ခွံ၏ အရည်အသွေးကိုကောင်မွန်စေပါသည်။
  4. ဥ မဒန်းအရွယ်သည် Hormone အပြောင်းအလဲဖြစ်နေစဉ်အတွင်း Available Phosphorous ကိုတိုး၍ကျွေးခြင်းအားဖြင့်ဥ စမ်းသည့်အခါတွင်လည်း ဥ မကြီးစေဘဲ ၊ ဥအိမ်ကျွံခြင်းမှ ကာကွယ်ပေးပါသည်။

Developer Feed, Pre Lay Feed နှင့် ဥကြက်မအစာတို့တွင် ME ၏ကွာဟနှုန်းသည် 50 kcal လောက်သာရှိသင့်ပါသည်။ အကယ်၍ ကွာဟချက်များလွန်းပါက ဥကြက်မ၏အစာနှုန်း နှင့် ဥ ဥနှုန်းကို ထိခိုက်နိုင်ပါသည်။

 

ဥ ဥချိန်တွင် ပြုစုစောင့်ရှောက်ခြင်း

 

ကြက်ရွှေ့ခြင်း

  1. ကြက်မပြောင်းရွှေ့မှီ ဥစားကြက်ခြံကို သန့်ရှင်း ပိုးသတ်ထားပေးရန်နှင့် ရေပေးစနစ်ကိုလည်း သန့်ရှုင်းပိုးသတ်ထားပါ။
  2. အကောင်းဆုံး ကြက်ရွှေ့သည့်အသက်အရွယ်သည် 16 ပတ်သားအရွယ်ဖြစ်ပြီး ၊ ကာကွယ်ဆေးထိုးထားပြီး ဖြစ်ရပါမည်။
  3. ကြက်ရွှေ့ပြီးသည်နှင့် 17 ပတ် ( 113 ရက်သား ) မှစ၍ ဥစားကြက်စာ Pre Lay အစာကို ပြောင်း၍ကျွေးရပါမည်။ အကယ်၍ ဥစားကြက်ခြံသို့ ပြောင်းရွေ့ခြင်း မပြုလုပ်နိုင်ပါကလည်း ကြက်လတ်ခြံ တွင်သာ 113 ရက်သားမှစ၍ Pre Lay စာပြောင်း၍ ကျွေးရပါမည်။ ကြက်ရွှေ့ပြီးမှ Pre Lay အစာကိုမပြောင်းရပါ။
  4. ကြက်ရွှေ့သည့်အခါ ကြက်ကိုဂရုစိုက်၍ ဖမ်းရပါမည်။ သို့မဟုတ်ပါက အရိုးကျိုးခြင်း ဒဏ်ရာရခြင်း ဖြစ်ပေါ်ပြီး ကြက်မ၏ ဥအိမ်ဖွံဖြိုးမှုကို ထိခိုက်စေပါသည်။
  5. ကြက်မရွှေ့ခင် ကြက်ရွေ့ပြီး ရှေ့နောက် ၃ ရက်အတွင်း Vitamin နှင့် ဓါတ်ဆားရေများ တိုက်နိုင်ပါသည်။
  6. ကြက်ရွှေ့ပြီးလျှင် ကြက်ခြံအတွင်း ကြက်များကိုအမြဲ ကြည့်ရှု စောင့်ရှောက်ရမည်။ အဓိက သတိထားရမည့် အချက်သည် အစာစားနှုန်းနှင့် ရေသောက်နှုန်း ပုံမှန်ရှိမရှိကို ကြည့်ရမည်ဖြစ်သည်။ အစာကိုလည်း အပိုင်းများခွဲ၍ ကျွေးရမည်ဖြစ်သည်။ အစာကိုအပြည့်အဝကျွေးပေးပါ။ နောက်ဆုံးတစ်ကြိမ်ကို ညမီးမပိတ်မှီ 2 နာရီအချိန်တွင် ကျွေးပေးပါ။

မီးအလင်းရောင်ပေး၍ ဥ ဥ ရန်လှုံ့ဆော်ခြင်း

ကြက်လတ်အရွယ်မှ ကြက်မဒန်းအရွယ်အထိ အမြဲတမ်း ကိုယ်အလေးချိန်တိုးမတိုးကို ကြည့်ရှုရပါမည်။ Lohmann Brown ကြက်သည် ကိုယ်အလေးချိန် 1400g ရောက်ရှိသည့်အချိန်တွင် ကြက်သည် ဥ ဥရန်အတွက် စတင်ပြင်ဆင်နေပါပြီ။ ( ဤအချိန်သည် 17 ပတ်သားအရွယ် ) ၊ 18 ပတ်သားမှစ၍ မီးအလင်းရောင်ကို စတင်ထွန်းနိုင်ပါသည်။ တဖြည်းဖြည်းခြင်း မီးအလင်းရောင်၏အချိန်ကို တိုးခြင်းအားဖြင့် ကြက်ဥ ဥ နှုန်း အမြင့်ဆုံးသို့ရောက်အောင် လှုံ့ဆော်စေပါသည်။

  1. Open House ကြက်ခြံ အပတ်စဉ် တစ်ကြိမ် မီးအလင်းရောင် တိုးပေးပါ။ အပတ်စဉ် ဖြည်းဖြည်းတိုးပါ။ တိုးသည့်အခါ တစ်ကြိမ်လျှင် နာရီဝက်တိုးပါ။ အလင်းချိန်သည် 17 နာရီ ထိသာတိုးရပါမည်။ ( ဥတုံး သည်အထိ )
  2. Close House ကြက်ခြံ အပတ်စဉ် တစ်ကြိမ်စီ မီးအလင်းရောင် တိုးပါ။ 5 ကြိမ်မှ 6 ကြိမ် အထိ ဖြည်းဖြည်းတိုးပါ။ တိုးသည့်အခါ တစ်ကြိမ်လျှင် 1 နာရီတိုးပါ။ အလင်းချိန်ကို 14 နာရီထိသာတိုးရပါမည်။
ဥ ဥသည့်ကာလတွင်လိုအပ်သောနေရာအကျယ်အဝန်း
လှောင်ခြံ အခင်း
အကျယ်အဝန်း 540 cm2/ကောင် 6 (ကောင်/m2)
အစာခွက်(m/ကောင်) 10 10
အစာပုံး (ကောင်/ခု) 20
ရေခွက်(ကောင်/ခု) 6 6
Nipple (ကောင်/ခု) 6 6
ရေသယောက်ခွက်(m/ကောင်) 4 4
Bell Drinker(ကောင်/ခု) 75

ဥ စားကြက်စာ၏ အာဟာရလိုအပ်ချက်

ကြက်ဥ ဥ စဉ်ကာလတွင် အစာကျွေးသည့်အခါ သေချာစွာ တွက်ချက်၍ကျွေးမွေးရမည်ဖြစ်သည်။ ကြက်၏အသက်ကိုလိုက်၍ နေ့စဉ် ဥ အလေးချိန် ( ဥ အလေးချိန်= ဥ နှုန်း * ပျမ်းမျှ ဥ အလေးချိန် ) နှင့် အစာစားနှုန်းတို့ကို တွက်ချက်ရမည်ဖြစ်သည်။ အသက်ပိုင်းခြား မတူညီသည့်အချိန်တွင် မတူသော အစာအာဟာရအချိုးဖြင့် တွက်ချက်၍ကျွေးရပါမည်။ ကြက်၏အသက်ကြီးလာသည်နှင့်အမျှ ဥ ဥ နှုန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာမည်ဖြစ်ပြီး ၊ မတူညီသော အစာအာဟာရအချိုးကိုလည်း ဇယားချ၍ ကျွေးမွေးရပါမည်။ အစာအာဟာရ တန်ဖိုးအလေအလွင့် မဖြစ်ရန်နှင့် အစာတန်ဖိုးသက်သာစေရန်ဖြစ်သည်။

အောက်ပါ ဥ ဥ သည့်ကာလအပိုင်းအခြားကို ( Phase1-3 ပိုင်း ) ခွဲခြားထားပြီး ME ကို 2725 kcal ဖြင့် အခြေခံ၍ အစာအာဟာရပါဝင်ရမည်ဖြစ်ပြီး (ကြက်၏အခန်းအပူချိန် 20 ံC တွင် ကြက်၏ အမွေးအတောင် စုံလင်ပြီး ကျန်းမာရေးကောင်းမွန်သည့်အချိန်အတွက် တွက်ချက်ထားခြင်း ဖြစ်သည်။) ဤအခြေအနေတွင် ကြက်သည် တစ်နေ့ အစာစားနှုန်း 110-120g ၊ ဒုတိယ အပိုင်း နှင့် တတိယ အပိုင်းအတွက် အစာမှာ ကြက်မ၏ အသက်ကြီးလာသည်နှင့် အမျှ အစာအာဟာရ လိုအပ်ချက် အနည်းငယ်ကျဆင်းသွားပြီး ကယ်လစီယမ် ( Ca ) လိုအပ်ချက်တိုးလာမည်ဖြစ်သည်။ လက်တွေ့တွင် ကြက်အစာ အပြောင်းအလဲကို ကြက်၏ ဥ နှုန်းပေါ်မူတည်၍ အဓိကပြောင်းလဲရမည်ဖြစ်ပြီး ၊ အသက် အရွယ်အလိုက် ပြောင်းလဲခြင်းမဟုတ်ပေ။

ပထမပိုင်း အစာသည် ဥ ဥ သည့်နေ့စဉ် ဥ အလေးချိန် 59.8g ရှိသည့် ကြက်အုပ်စုမှာ 19 ပတ်မှ 45 ပတ်ဝန်းကျင်တွင်ရှိပြီး ၊ ဒုတိယပိုင်း အစာသည် ဥ ဥ သည့် နေ့စဉ် ဥ အလေးချိန် 59.7g အောက် ကြက်အုပ်စုမှာ 46 ပတ်မှ 65 ပတ် ဝန်းကျင်နှင့် တတိယပိုင်း အစာမှာ 65 ပတ်အထက် ကြက်အုပ်စုများ ဖြစ်သည်။

ပထမပိုင်း ဥကြက်မစာသို့ ပြောင်းလဲရမည့် အကောင်းဆုံးအချိန်

17 ပတ်သားမှစ၍ Pre Lay အစာပြောင်းကျွေးပြီး နောက်ပိုင်းကျွေးချိန်ကာလ 7-10ရက် ၊ ဥ ဥ နှုန်း 5% ဥသည်အထိ ( 18-19 ပတ်အတွင်း ) ရောက်သည့်အချိန်တွင် ဥစားကြက်မစာ ပထမပိုင်းကို စတင်ပြောင်း၍ ကျွေးရပါမည်။ ဥ ကြက်မ စတင် ဥ သည့်အချိန်သည် နေ့စဉ်အစာစားနှုန်း 90-100g လောက်သာရှိသည့်အတွက် အစာကို ME 2800 kcal ဖြင့်စပ်၍ ၊ 5-6 ပတ်အထိကျွေးပြီး 26 ပတ်သားရောက်သည့်အခါ ME ကို 2725 kcal သို့ပြောင်း၍စပ်ကာ ကျွေးနိုင်ပါသည်။ ဥကြက်မစာ ပထမပိုင်း ဥအလေးချိန် 59.8g နေ့စဉ် ဥအလေးချိန် (19-45 ပတ် ) နောက်ပိုင်းတွင် ဥကြက်မစာ ဒုတိယပိုင်း သို့ပြောင်း၍ ကျွေးရပါမည်။

LOHMANN BROWN-CLASSIC Layers in Phase 1 အတွက်လိုအပ်သောအာဟာရအချက်အလက် ( အပတ် 19-45~up to 59.8g Egg Mass/Hen/Day)

ဥ စားကြက်မစာ အတွင် အဆီထည့်ခြင်း

အဆီသည် ME အမြင့်ဆုံးပါဝင်သော ကုန်ကြမ်းတစ်မျိုး ဖြစ်ပါသည်။ သူ၏ ME သည် ကြက်၏ ကိုယ် အတွင်း အသဲကို ဖြတ်သန်းစရာမလိုဘဲ တိုက်ရိုက်စုပ်ယူ နိင်ပါသည်။ ပြီးလျှင်လည်း အလွန်နည်းသော ကိုယ်အပူချိန်ကို ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် ပူပြင်းသော နွေရာသီတွင် သူ၏ အကျိုးသက်ရောက်မှုကို ပို၍ထိရောက်ပေါ်လွင်စေပါသည်။ အကယ်၍ ပဲပုတ်ဆီဖြစ်ပါက Linoleic Acid အများဆုံးပါဝင်သည်။ ဥ၏အလေးချိန်ကိုလည်း တိုးစေပါသည်။ ဥစားကြက်မစာတွင် 1-2% ပဲပုတ်ဆီ ( သို့ ) တိရစ္ဆာန်ဆီ ရောစပ်နိုင်ပါသည်။ အပူချိန် 35 ံC အထက်ရှိသည့် အချိန်တွင် 3-4% အထိတိုး၍ စပ်ခြင်းအားဖြင့် ကြက်ဥ၏ အလေးချိန် နှင့် ကြက်ဥ ဥနှုန်းကို တည်ငြိမ်စေပါသည်။

အကယ်၍ သင်ဝယ်သည့်အခါသည် Concentrate အစာဖြစ်ပါက အစာစပ်သည့်အခါ 1-2% အဆီထည့်၍စပ်ပါ။ အောက်ပါအကျိုးကျေးဇူးများရရှိနိုင်ပါသည်။

  1. အဆီသည် ဗီတာမင်များပျော်ဝင်သယ်ဆောင်ရန်အတွက် မရှိမဖြစ်လိုအပ်သောအရာတစ်ခု ဖြစ်သည်။
  2. ဥ ကြက်စာအမှုန့်များ ရောစပ်မှု ပို၍ညီမျှပြီး အမှုန်ထခြင်း လျှော့နည်းစေပါသည်။
  3. ဥ နှုန်းကိုလည်း မြင့်မားကာ ဥ သက်တမ်းပိုရှည်စေပါသည်။
  4. ရာသီဥတု ပူပြင်းသည့်အချိန်အတွက် အကောင်းဆုံး ME ကုန်ကြမ်းတစ်ခု ဖြစ်သည်။
  5. အဆီထည့်ခြင်းဖြင့် ဥ ၏အလေးချိန်ကို တိုးစေပါသည်။

Ca နှင့် P လိုအပ်ချက်

ဥ ဥနှုန်း အမြင့်ဆုံးရောက်သည့်အချိန်တွင် နေ့စဉ်ကြက်တစ်ကောင် Ca 4.1 g နှင့် P 0.44 g လိုအပ်ပါသည်။ နောက်ပိုင်းတွင် Ca 4.5g နှင့် P 0.38 g လိုအပ်ပါသည်။ အစာတွင်ပါဝင်သည့် Ca သည် ဥ ဥ စဉ်ကာလအတွင်း 3 ပုံ 1 ပုံ အထက်သည် ကြီးမားသောအရွယ်အစား ဖြင့်ကျွေးရပါမည်။
ဥပမာ ။ ထုံးကျောက် ၊ ခရု

သောက်ရေ

ရေသောက်နှုန်းသည်လည်း ကြက်ကျန်းမာရေးအတွက် အရေးကြီးသော အရာတစ်ခုဖြစ်ပါသည်။ ရေသောက်နှုန်းကျဆင်းပြီဆိုပါက ကြက်၏ကျန်းမာရေးအတွက် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ နေ့စဉ်ရေသောက်နှုန်းကို တိုင်းတာခြင်းဖြင့်လည်း အရေးကြီးပါသည်။ အပူချိန် 32 ံC ရှိကြက်ခြံအောက်တွင် ရေသောက်နှုန်းသည် 21 ံC အပူချိန်သာရှိသည့်ကြက်ခြံအောက် ထက် အပူချိန်1 ဆ ရှိသောကြောင့် အတတ်နိုင်ဆုံး 16 ံ C နှင့် နီးစပ်သောရေကို ကြက်ကို တိုက်ကျွေးပါ။ 20-24 ံC ရှိအပူချိန်တွင် ကြက်၏ရေသောက်နှုန်းမှာ အစာ၏ 2 ဆဖြစ်နေပါသည်။

ကိုယ်အလေးချိန် ချိန်တွယ်ခြင်း

ကိုယ်အလေးချိန် ချိန်တယ်ခြင်း သည်လည်း ဥ ဥ သည့်ကာလတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ကြက်ဥစမ်းမှ 45 ပတ်သားအထိ ကိုယ်အလေးချိန် တောက်လျှောက်တိုးနေပါသည်။ ဒီအတောအတွင်း ကိုယ်အလေးချိန် စံချိန်စံညွှန်း ဝင်ရန်အတွက် ထိန်းသိမ်းရန်လိုအပ်ပါသည်။

ဥ နှုန်းအမြင့်ဆုံးရောက်ပြီး 45 ပတ်ရှေ့တွင် 2 ပတ် တစ်ကြိမ် ကိုယ်အလေးချိန် ချိန်တွယ်ပါ။ အကယ်၍ ကိုယ်အလေးချိန် စံညွှန်းမပြည့်မှီပါက ဥ ၏ အလေးချိန်ကျဆင်းမည်ဖြစ်ပြီး ဥ နှုန်းသည်လည်း စံညွှန်း၏ အောက်သို့ ရောက်ရှိမည်ဖြစ်သည်။ ဒါကြောင့် အလေးချိန် ချိန်ခြင်းအားဖြင့် ကြက်သည် ပုံမှန်ဖြစ်နေ မဖြစ်နေကို ခွဲခြားနိုင်ပါသည်။ 45 ပတ်နောက်ပိုင်းတွင် ၁ လ တစ်ကြိမ်ချိန်တွယ်ပါ။

အစာအာဟာရ နှင့် ဥ အလေးချိန်

အစာ၏ အာဟာရပါဝင်မှု ပြောင်းလဲခြင်းဖြင့် မွေးမြူသူများ လိုအပ်သည့် ဥ အလေးချိန်ကို ရရှိသလို အောက်ပါတို့သည် ကြက်ဥ၏ အလေးချိန်ကို ထိခိုက်စေနိုင်သည့် အာဟာရ အကြောင်းအရင်း ဖြစ်သည်။
ကြက်ခြံ၏ အသုံးအဆောင်ဖြင့် ခြံတွင်း၏ အပူချိန်ကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ကြက်၏အစာစားနှုန်းကို လိုအပ်သလို ပြုပြင်နိုင်သလို ၊ လိုအပ်သော ဥ အရွယ်အစား ကိုလည်း ရရှိအောင် ပြုပြင်နိုင်ပါသည်။

  1. ကြက်လတ်အချိန် ဥမတန်းအရွယ်တွင် အလေးချိန် စံနှုန်းထက်များနေပါက ဥ နှုန်း၏ ဥ အလေးချိန်ကို ထိခိုက်စေပါသည်။
  2. အစာအာဟာရ ပါဝင်မှု ၊ ပရိုတင်း ၊ လိုင်စင်း နှင့် ပါဝင်မှု မြင့်ပါက ဥ ကြီးမည်ဖြစ်သည်။
  3. ကျွေးမွေးသည့် နည်းစနစ်: အစာ၏ကြီးငယ် ပါဝင်သည့်အချိုး ၊ ကျွေးသည့် အချိန် ၊ ကျွေးသည့်အကြိမ်အရေအတွက် နှင့် ပမာဏ တို့သည်လည်း ဥ ၏အရွယ်အစားကို ထိခိုက်စေပါသည်။
  4. အစာစားနှုန်း များပါက ဥ အလေးချိန်တိုးသလို အစာလျှော့ကျွေးပါက ကြက်ဥ ငယ်မည်ဖြစ်သည်။

ကောင်းသောကြက်ဥ အရည်အသွေး

  1. နေ့စဉ် အနည်းဆုံး ကြက်ဥ တစ်ကြိမ်ကောက်ပါ။
  2. ကြက်ဥ ကို 5-10 ံ C ကြက်ဥ ဂိုဒေါင်တွင်ထား၍ စိုထိုင်းစ 80-85% ရှိရပါမည်။
  3. အကယ်၍ အပူချိန်မြင့်မားပြီး စိုထိုင်းစ နိမ့်နေပါက ကြက်ဥ၏ အလေးချိန် ကျဆင်းပြီး ဥ၏ အရည်အသွေးကို ထိခိုက်စေပါသည်။

LOHMANN BROWN-CLASSIC Layers in Phase 2 အတွက်လိုအပ်သောအာဟာရအချက်အလက်( အပတ် 46-65~up to 59.8g Egg Mass/Hen/Day)

LOHMANN BROWN-CLASSIC Layers in Phase 3 အတွက် အာဟာရအချက်အလက် ( 65 ပတ်အထက်)

LOHMANN BROWN-CLASSIC ကိုယ်အလေးချိန်ဖွံဖြိုးမှု ( အပတ် 1 -46)

LOHMANN BROWN-CLASSIC ကိုယ်အလေးချိန်ဖွံဖြိုးမှု ( အပတ် 47-90)

Performance Goals of LOHMANN BROWN-CLASSIC (Week 19-42)

Performance Goals of LOHMANN BROWN-CLASSIC (Week 43-66)

Performance Goals of LOHMANN BROWN-CLASSIC (Week 67-90)

Egg Grading for LOHMANN BROWN-CLASSIC 

ULB Co., Ltd.
၁ ရပ်ကွက်၊ ငါးဆူတောင်ကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်။
Ph:09-420888688, 09-420888788

ULB Brown Myanmar Layer